Friday 15 July 2011

မြန်မာပြည်ကို လှမ်းမျော်ကြည့်ပုံ

အရှင်ဥတ္တမလည်း ကာလကတ္တား၌နေစဉ်ပင် အမျိုးနှင့် တိုင်းပြည်၏အကျိုးကို သယ်ပိုးရွက်ဆောင်လိုသောစိတ်ဓါတ် ပြငိးပြချက်ရှိနေပြီဖြစ်၏။

သို့ပင်လည်း အခါအတွင့်ကား အကြုံကြိုက်သေး၍ စောင့်စားနေခဲ့ရလေ၏။
စစ်တွေမြို့နေ ညီဖြစ်သူ ကျော်ထွန်းအောင်ထံသို့ပငိ နိုင်ငံနှင့်အမျိုး၏ အကျိုးကို ဆောင်ရွက်သင့်ကြောင်း ဆုံးမစာတစောင် ရေးသားခဲ့သည်။
ထိုစာမှာ” ငါ့ညီ၊ မင်းယခုလူဖြစ်ာသည်မှာ မင်းကိုယ်ကျိုးတစ်ခုအတွက်သာ ဖြစ်သလား။
သို့မဟုတ် အများအကျိုးစီးပွားအတွက် ဖြစ်သလားဆိုသည်ကို ကောင်းစွာ ဝေဖြန်ပြီးလျှင် မင်း၏ယခုဖြစ်နေသော လူ့ဘသကိုကောင်းကောင်း ကြီး အသုံးချနိုင်ပါရဲ့လား” ဟူ၍ဖြစ်သည်။
ညီဖြစ်သူကလည်း ပညာကိုတော့ လိုလား၏။
သို့သော် အစ်ကိုရေးသောစာ၏အဓိပ္ပါယ်ကိုပင် ရုတ်တရက်နားမလည်သေးပေ။
ထို့နောက်မကြာမီပင် ဘုန်းတော်ကြီးတပါး၏ တရားပွဲသို့ သွားရောက်နာယူသောအခါမှ အရှင်ဥတ္တမ၏စာကို သဘောပေါက်တော့သည်။
ဘုန်းတော်ကြီး၏တရားပွဲမှာလည်း အလွန်မှတ်သားဖွယ်ကောင်းသော ဘုရားအလောင်း မျောက်မင်း ပါရမီဖြည့်ခန်းဖြစ်ပါသည်။

မျောက်အသင်းတသင်းတွင် အားခွန်ဗလနှင့်ည်ြစုံသော ဘုရားအလောင်းမျောက်မင်းကခေါင်းဆောင်လျက် ဖြစ်၏တဘက်ကမ်းသို့ကူးကာ တယ်သီးကို စားလှက်ရှိကြ၏။

ထိုအပင်သို့ လူအများ ရောက်လာပြီး ရန်ပြုတော့မည့်ဆဲဆဲတွင် ဘုရားအလောင်းမျောက်မင်းသည် နွယ်တခုကိုကိုင်၍ တဘက်သို့လွှဲခုန်ပြီးလျှင် မျောက်အများကူးရန် တံတားပြုလုပ်ရာ နွယ်မှာ အနည်းငယ်တိုနေသဖြင့် လက်နှစ်ဘက်ဖြင့်နွယ်ကိုကိုင်၍ ခြေနှစ်ဘက်ဖြင့် တဘက်ကမ်းက သစ်ပင်ကိုဆွဲပြီးလျှင်”အသင်မျောက်အပေါင်းတို့၏ ကြိုးတန်းဖြင့်ကူးပြီး ငါ၏ကိုယ်ပေါ်မှနင်းလျက် ပြေးကြလေလော” ဟုဆို၏။
အများသောမျောက်တို့ပင် နွယ်မှကူးလာကြ၍ အသက်ဘေးမှ လွတ်မြောက်ကြလေသည်။
ဤအထဲတွင် မျောက်မင်းကိုရန်ပြုနေသော ဒေ၀ဒတ်လောင်းမျောက်ကား ငါတော့အခွင့်သာပြီး။
ဤမျောက်ကြီးသေမှ ငါဘုရင် ဖြစ်တော့မည်ဟု စိတ်ကူးလျက် နောက်ဆုံးမှ ကူးပြီးလျှင် ဘုရားလောင်းမျောက်၏ ကိုယ်ပေါ်သို့ ရောက်သောအခါ သေစေလိုသောဆန္ဒဖြင့် မနောင့်ဖြင့် ပြင်းစွာပေါက်ချလေသည်။
အောင်မှဒဏ်ခံနေရသော ဘုရားအလောင်းမျောက်မင်းကမူကား ငါဖြင့် ဤတကြိမ်တွင် သေရတော့မည်ဖြစ်၏။
ငါသေလိုကသေစေ။
သို့သော်လည်းဤရန်သူကဲ့သို့ ငါကိုနှိပ်စက်နေသော မျေက်ကြီး အသက်ချမ်းသာရာကို ရစေပြီးမှ သေပါစေဟု စိတ်တွင်ဓိဌာန်မပျက် သူတပါး၏အကျိုးကို သယ်ပိးဆောင်ရွက်လိုက်သေးသည်။
ဤကဲ့သို့ တရားကိုနာယူပြီးမှပင် နောက်တော်သည်ကား အလွန်မြင့်မြတ်သင့်လျော်သော စိတ်ဓါတ်ဝင်စားနေသည်နှင့်အမျှ ငါကိုလည်း လမ္မာရေးခြားရှိစွာနှင့် သူ၏စိတ်ဓါတ်မျိုးဝင်စားရန် ဆုံးမပေသည်ဟု သဘောရလျက် အစ်ကိုထံသို့ မိမိတရားတပုဒ်နာပြီးမှပင် အစ်ကို၏စာကို သဘောပေါက်တော့သည်။
ညီ၏ယခုဖြစ်ဆဲ လူ့ဘ၀တွင်ကား အများအကျိုးအတွက်ရှိပါစေတော့မည်ဟု စာပြန်လိုက်လေသတည်း။

အရှေ့ ဆီမှ မီးတပွင့်


၁၉၀၄-ခုနှစ်တွင် ဂျပန်နှင့်ရုရှားတို့၏ အရှေ့ဘက်စစ်ပွဲစတင် ဖြစ်ပွားလေသည်။ 
ရုရှားသည် ကမ္ဘာကြီး၏ ၅ ပုံ ၁ ပုံ ကျယ်ဝန်းသော တိုင်းပြည်ကြီးတစ်ခုဖြစ်၍ လူဥိးရေလည်း 

အတော်ပင်များသည့်အပြင် ဥရောပပိုင်း၌နေ၍ ဥရောပတိုင်သားဟူသော အမည်ကိုလည်းခံယူလျက်ရှိပြီး 

စက်မှုလက်မှုမှအစ အတော်ပင် ထိပ်တန်းကျနေရာကား ဂျပန်ကျွန်းကလေးသည် ပင်လယ်ထဲသို့ 

မျှောတော့မည်ဟု တကမ္ဘာလုံးက ထင်မှတ်နေကြ၏။
       ၁၉၀၅-ခုနှစ်တွင် ရုရှားသည် အညံ့ခံအရှုံးပေးရသောအဖြစ်သို့ ရောက်လေရာ တကမ္ဘာလုံးကပင် 

အောက်ကျနောက်ကျဖြစ်နေသော အရှေ့ဘက်ကမ္ဘာမှ ဂျပန်ပုကကလေးကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် 

အာရုံပြုလာကြည်တော့သည်။
       ထိုအချိန်၌ အရှင်ဦးဥတ္တမသည် ကမ္ဘာ့ထိပ်တန်းပညာရပ်များကို သွားရောက်ဆည်းပူးရန်အတွက် 

ပြင်သစ်ပြည်သို့သွားရောက်နေပြီး ညီထံသို့ အကြောင်းကြားထားပြီးဖြစ်၏။ 
သို့သော် အရှေ့ဘက်ကမ္ဘာက ဂျပန်သည်လည်း ခေသူမဟူ။ 
တကမ္ဘာလုံးက သိမ့်သိမ့်တုန်အောင် ကြောက်နေရသူ ရုရှကြီးကို နိုင်လိုက်ရာ စက်မှုလက်မှုဘက်တွင် 

အဟုတ်ထူးချွန်၍သာ နိုင်ခြင်းဖြစ်မည်။ 
သို့ဖြစ်၍ ငါအနောက်တိုင်း၌နေမည့်အစား အရှေ့တိုင်းကိုပင် သွားတော့မည်ဟု ညီထံစာရေးပြီး 

ရန်ကုန်ကိုပြန်ခဲ့၏။ ညီဖြစ်သူကိုလည်းခေါ်မည်ဟုကတိထားလေ၏။ 
စစ်တွေမှ ညီကိုရင် ရှင်အရိယလည်း ရန်ကုန်သို့ရောက်လာပြီး အစ်ကိုနှင့်တွေ့သည်။ 
ဂျပန်ပြည်သို့သွား၍ ပညာကိုဆည်းပူးရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ စရိတ်စကကို မည်သို့မည်ပုံ 

စုဆောင်းရရှိထားသည်ဟု ညီဖြစ်သူအား ပြော၍မပြဘဲ ယခုတော့ကာ ထလ ၃၀၀ လောက်တတ်နိုင်၍ 

ငါတှီုးတည်းသာ သွားနိုင်မည်။ 
ထိုထက်ပို၍ မတတ်နိုင်သဖြင့် ညီအားနေရစ်ခဲ့ရန် တိုက်တွင်းပြီး ရန်ကုန်ကနေ၍ ထွက်ခွါတော့သည်။